ပက်ကေ့ချ်အကြောင်း
ဘန်ကောက်ရှိ အဆင့်မြင့်ဆေးရုံတွင် နှစ်စဉ်ကျန်းမာရေးစစ်ဆေးလိုသူများအတွက် စနစ်တကျစီစဉ်ထားသော ဝန်ဆောင်မှုဖြစ်ပါသည်။ ဆေးမှတ်တမ်းပြင်ဆင်ခြင်း၊ ရက်ချိန်းယူခြင်းနှင့် အဖြေထွက်ပြီးနောက် ဆက်လက်လုပ်ဆောင်ရမည့်အချက်များကို ရှင်းပြပေးပါသည်။
ပါဝင်သောဝန်ဆောင်မှုများ
ခရီးမထွက်မီ ကျန်းမာရေးမေးခွန်းလွှာနှင့် ဆေးမှတ်တမ်းသုံးသပ်မှု
သင့်တော်သော စစ်ဆေးမှုအစီအစဉ်နှင့် ဆေးရုံချိတ်ဆက်မှု
ရက်ချိန်းနှင့် ကြိုတင်ပြင်ဆင်ရန်စာရင်း
ဆေးရုံမှအတည်ပြုသည့် ဆရာဝန်စစ်ဆေးမှု၊ ဓာတ်ခွဲစစ်ဆေးမှုနှင့် အသက်အရွယ်အလိုက်စစ်ဆေးမှုများ
ဆေးရုံအဖြေစာတမ်းများ စုစည်းပေးခြင်း
မြန်မာဘာသာရှင်းပြမှုနှင့် follow-up လမ်းညွှန်မှု
သင့်တော်သူများ
နှစ်စဉ်ကျန်းမာရေးစစ်ဆေးလိုသူများ
မိသားစုရောဂါရာဇဝင်ရှိ၍ အခြေခံစစ်ဆေးချက်လိုအပ်သူများ
ဘန်ကောက်ခရီးနှင့် ကျန်းမာရေးစစ်ဆေးမှု ပေါင်းစပ်လိုသူများ
အရေးကြီးအချက်
နောက်ဆုံးစစ်ဆေးမည့်အမျိုးအစားနှင့် ဆေးရုံခန့်မှန်းကုန်ကျစရိတ်သည် အသက်၊ လိင်၊ လက္ခဏာ၊ ဆေးမှတ်တမ်းနှင့် ဆရာဝန်အကြံပြုချက်ပေါ် မူတည်ပါသည်။